မိုင်းယောင်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သန့်ရှင်းသာယာလှပရေး အရိပ်ရအပင်နှင့် ပန်းအလှပင်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စက်တင်ဘာ ၁၈ ရက်က မြို့အထွက် မိုင်းယောင်း-မိုင်းယု သွားကားလမ်းမ ဘေးဝဲယာ၌ စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းညို၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအားထူယာ၊ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးနှင့် ဝန်ထမ်းများ က ခရေ၊ သရက်ပင် စသည့် အရိပ်ရအပင်များနှင့် ပန်းအလှပင်များဖြစ်သော ထိုင်းစက္ကူ၊ ဗိုလ်ကတော်၊ အုန်းပွားပင်များကို ကျွင်းတူးပြီး စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။
ရာသီဥတုပူပြင်းလာတာကြောင့် အရိပ်ရအပင်တွေကို ထိန်းသိမ်းဖို့၊ စိုက်ပျိုးဖို့ လိုအပ်နေတာတွေ မြို့နယ်သန့်ရှင်း သာယာလှပရေးအတွက် အပင်သစ်တွေ စိုက်ပျိုးဖို့ လိုနေတာတွေကြောင့် စိုက်ပျိုးခဲ့ တာဖြစ်ကြောင်း၊ စိုက်ပျိုးခဲ့တဲ့အပင် ရှင်သန်ရန်အတွက် ရေလောင်းဖို့နဲ့ အပင်ကိုဂရုစိုက်ဖို့ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးခဲ့တဲ့အပင် သေဆုံးသွားခဲ့မယ်ဆိုရင် ထပ်စိုက်သွားမည်ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း