အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် Royal-D များ လာရောက် လှူဒါန်း

ရန်ကုန် စက်တင်ဘာ     ၁၈


ရန်ကုန်မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဝန်ထမ်းများ လုပ်ငန်းများတွင် ခွန်အားပြည့် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ Royal-D များ လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် Royal-D ကုမ္ပဏီလီမိတတ်မှ တာဝန်ရှိသူများက (၁၂)ဗူးပါ (၃၀)ကဒ် စုစုပေါင်း တန်ဖိုး(၂)သိန်းကျော်ကို လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာ နမှ ကျန်းမာရေးမှူး ဒေါက်တာ နော်သန္တာဆွေမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့ရာ ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့သည်။
အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)