လမ်းမတော် စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှုများ မရှိ စေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေး အတွက် Quarantine centre ဖွင့်လှစ်ဆောင်ရွက်ထားရှိမည့် အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းကို ယမန်နေ့က တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ် ဖွဲ့မှူးနှင့် အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု၍ ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်