လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြသခြင်းနှင့် Online တင်ဆက်မှု အသိပညာပေးဆောင်ရွက်

ကော့ကရိတ်၊ စက်တင်ဘာ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းနှင့် Online အစီအစဉ် ရိုက်ကူးတင်ဆက်မှုကို ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ကြောင်း သိရသည်။ Online ရိုက်ကူးတင်ဆင်မှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ခင်သီတာဆန်းက လူကုန်ကူးမှုခံရနိုင်သည့်အကြောင်းအရာဖြစ်စဉ်များ၊ ထိရောက်စွာတားဆီးကာကွယ်နိုင်မည့် ဥပဒေများပြောကြားခဲ့ကြောင်းနှင့် ပြသထားသောနံရံကပ်စာစောင်များတွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့၊ လူကုန်ကူးမှုမှန်သမျှ ပူးပေါင်းဝိုင်းဝန်းဆန့်ကျင်ကြ၊ လူကုန်ကူးမှုပပျောက်ရေး ဒို့တွေပါဝင်ကူညီပေး စသည့်အကြောင်းအရာများ ပြသထားကြောင်း သိရပါသည်။

ထိုသို့ဆောင်ရွက်ပေးရခြင်းမှာ ပြည်သူများ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို IPRD Kawkareik Page၊ ကော့ကရိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Page မှာ ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇာခြည်ဝင်း(ပြန်/ဆက်)