ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလတွင် မကူး စက်နိုင်သော ရောဂါများ ကုသပေးနိုင်စေရန်နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ပြုစု စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာလတွင် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆောင်ရွက်ပေးရာတွင် အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးမှူး ဒေါက် တာ နော်သန္တာဆွေမှ ဦးဆောင်၍ နေ့လယ်(၁)နာရီမှစတင်ကာ တနင်္လာနေ့တွင် ကိုယ်ဝန် ဆောင်အသစ်များနှင့် အင်္ဂါနေ့နှင့်ကြာသပတေးနေ့တို့တွင် ကိုယ်ဝန်ဆောင်အဟောင်းများကို ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေး စစ်ဆေးကြည့်ရှုပေးလျက်ရှိပြီး ဗုဒ္ဓဟူးနေ့တွင် နေ့လယ်(၁) နာရီခွဲတွင် မျိုးဆက်ပွားကျန်း မာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
အင်းစိန်မြို့နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)