ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်သို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ပူး​ပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့်​ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၁၈ ရက် ည​နေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် အောက်တို ဘာလ ၁ ရက်နေ့တွင် ရောက်ရှိမည့်(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့‌နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် မိုင်းယန်းမြို့နယ် ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လင်းခေးမြို့နယ်၌ ဒေသခံပြည်သူများ လက်ဝယ်အရောက် တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ပေးအပ်

ကိုဗစ်− ၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော် အစိုးရက တတိယအကြိမ်မြောက် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ လင်းခေးမြို့နယ် မြို့ပေါ်( ၈ ) ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းကစတင်၍ အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

၅၆ နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှ စုပေါင်း သွေးလှူဒါန်း

၅၆ နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲကို ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

မိုင်းတုံမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော် အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယနေ့နံနက် ၈ နာရီခွဲက ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရေး မြို့တွင်းလေးတိုင်စင်လမ်းဆုံ၌ ယာဉ်အချက်ပြမီးပွိုင့်တပ်ဆင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်နှင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလေးတိုင်စင်လမ်းဆုံနေရာတွင် ယာဉ်အချက်ပြမီးပွိုင့် (၃)ခု တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။

ရန်ကင်းမြို့နယ်တွင် အ.ထ.က(၁)စာသင်ကျောင်းအား Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိ

ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေး အတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့် လူနာများအား သီးခြားနေထိုင်စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန်အတွက် အမှတ်(၄)ရပ်ကွက်တွင်ရှိသော အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ စာသင်ကျောင်းဆောင်ကို ယမန်နေ့ နံနက် (၇) နာရီမှစတင်ပြီး Quarantine Centre အဖြစ် ဖွင့်လှစ်ထား ရှိကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျှက်ရှိရာ နေအိမ်အပြင်သို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်ခြင်းကို ယနေ့နံနက်က မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလမ်းဆုံနှင့် တောင်ပိုင်းရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းရှေ့တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မဲရုံများလုံခြုံရေးအတွက် အထူးရဲ   ၂၂၀ ဦး ခန့်အပ်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၂၀) ဦး ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to