မိုင်းတုံ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော် အစိုးရမှ တတိယအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယနေ့နံနက် ၈ နာရီခွဲက ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနေအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အုပ်စုခွဲ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၀) စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၁၃၆၁)စုကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀ဝိ/ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၇၂)သိန်းကျော်ကို ပြည်သူများ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)