သုံးခွမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် လက်ဝယ်အရောက် ထောက်ပံ့

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး တတိယအကြိမ် Mask Campaign ပြုလုပ်ခြင်းနှင့် Mask အခုရေး ၁၀၀၀ အား အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်-၁ ရပ်ကွက် မြန်မာ့ရေနံဌာနခွဲရှေ့၌ ပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီခွဲက မိုင်းပျဉ်းမြို့ အထကကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် Quarantine Center အဖြစ် ထားရှိမည့်နေရာအား ပြင်ဆင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စောင့်ကြည့် လူနာများ အား သီးခြား နေထိုင်စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် Quarantine Center ဖွင့်လှစ် ထားရှိမည့် အစိုးရသက်မွေးကျောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် Quarantine Center အဖြစ်အသုံးပြုနိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက စုပေါင်းသန့်ရှင်းရေးများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ပလောက်မြို့ အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ည(၇)နာရီခန့်က ပလောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ပြည်သူများအား စဉ်ဆက်မပြတ် အသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ယမန်နေ့ ည (၇)နာရီက အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ခဲ့သည်။

ကလေးဝမြို့တွင် ဌာနဆိုင်ရာများအား ပါးစပ်၊ နှာခေါင်းစည်း Mask နှင့် Face Shield များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ရေးကော်မတီက ဌာနဆိုင်ရာများအား ပါးစပ်နှာခေါင်းစည်း Mask နှင့် Face Shield များကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အခမဲ့ ဖြန့်ဝေ ခဲ့သည်။

ခရမ်းမြို့နယ် ခင်တန်းတံတားမြေထိန်းနံရံ တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် GRF ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ခင်တန်းတံတား မြေထိန်းနံရံ တည်ဆောက်နေမှုနှင့် တံတားခြေဆင်း ပြိုကျနေမှုအား ယမန်နေ့ နေလယ်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်မြောက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းကစ၍ တာဝန်ရှိသူများက ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ရပ်ကွက်ရုံးများ၌ ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် အပူချိန်တိုင်း ကိရိယာ (Thermometer) များ ရပ်/ကျေး စာရေးဝန်ထမ်းများထံ ထပ်ဆင့်ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဖြန့်ဝေသည့် Thermometerများကို ရပ်/ကျေးစာရေးဝန်ထမ်းများထံ ယမန်နေ့ညနေ၄နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးတို့က ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to