မြစ်သားမြို့၌ သိုလှောင်ရုံ၌ ထားရှိသည့် အရေးပေါ်ရိက္ခာစားဆီများအားစစ်ဆေး

နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော်အရေးပေါ်ရိက္ခာဆီပုံး (၂၇၂၀) ပုံးကို မြစ်သားမြို့နယ် စိုက်ပျိုးရေး သုတေသနဦးစီးဌာန သိုလှောင်ရုံ၌ ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်သိုလှောင်မှု ကြီးကြပ်ရေးအဖွဲ့ များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအနက် တစ်ဦး ထပ်မံဆေးရုံဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူ နေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအနက် တစ်ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းထံက သိရသည်။

ပေါင်းတည်မြို့၌ စေတနာ့ဝန်ထမ်းအဖွဲ့များအား ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး အထောက်အကူပြုလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး အထောက်အကူပြု လုပ်ငန်းများတွင် ဆောင်ရွက်လျက်သည့် စေတနာ့ဝန်ထမ်းအဖွဲ့ (၅)ဖွဲ့သို့ အထောက်အကူ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေပေးအပ်ခြင်းကို စက်တင်ဘာလ (၁၈) ရက်နေ့ညနေပိုင်း က ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများမှ လှူဒါန်းငွေ ၁၅၀၀၀ဝိကျပ်မှ သီးခြား၃၀၀၀ဝိကျပ်စီအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ ဒိန်းမတ်သံရုံးမှ mask (၁၅၀၀၀)ခုနှင့် အလှူရှင်များက အလှူငွေများလှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီသို့ ဒိန်းမတ်သံရုံးမှ တန်ဘိုး‌ငွေ(၉၀)သိန်းခန့် တန်ဘိုးရှိ Reversible cloth mask (၁၅၀၀၀)ခုနှင့် ကွယ်လွန်သူဖခင်ကြီး ဦးမြင့်သိန်းအား ရည်စူး၍ သားသမီးများမှ အလှူငွေကျပ်(၁၁)သိန်း၊ ဒေါက်တာကျော်စွာဦးမှ အလှူငွေကျပ် (၂)သိန်း၊ Dr.ခင်ဂုဏ်ရည်ဝင်း၊ မောင်ဘုန်းပြည့်နိုင် (ကြက်တောင်လက်ရွေးစင် ကစားသမား) မှ အလှူငွေကျပ်(၁၀)သိန်း၊ ဦးအောင်လင်း+ဒေါ်စန်းစန်းမြင့် (မင်းဒင် ပဲငံပြာရည်) ဆ/ခ ရပ်ကွက် သင်္ဃန်းကျွန်းမှ

မြန်အောင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်၊ လူနေအိမ်ပေါ်သို့ သစ်မကျီးပင်ပြိုလဲမှုဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး အမိုးလန်ခြင်းနှင့် လူနေအိမ်ပေါ် သို့ သစ်မကျီးပင် ပြိုလဲမှုတို့ မြန်အောင်မြို့နယ်အတွင်း ယနေ့ နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်း တတိယအကြိမ် သွားရောက်ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက တတိယအကြိမ် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ တောင်ငူ-လွိုင်ကော် ကားလမ်းမပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အထောက်အကူပစ္စည်းဖြစ်သည့် Mask များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ ပရဟိတလူမှုကူညီရေးအသင်း (MR Resue)မှ ပြည်သူ များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာတွင် မိုးသီးနှံအဖြစ် ပဲကြီးများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူများသည် မိုးသီးနှံ အဖြစ် ပဲကြီးများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပေါက်ကုန်းကျေးရွာမှ တောင်သူ ဦးအောင်နိုင်ထွန်းကပြောသည်။

ပိုင်ကျုံမြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများအား ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော် အစိုးရမှ အခြေခံ လူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယ‌မန်နေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်မ​ရောမြို့နယ်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉​ရောဂါ ကာကွယ် ထိန်းချုပ်​နိုင်ရေးအတွက် နှာ​ခေါင်းစည်း(mask) ၃၅၀၀ လာ ရောက်လှူဒါန်း

​ကျိုက်မ​ရောမြို့နယ်တွင် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်ရာတွင် ပါဝင်ကူညီ​ဆောင်ရွက်​ပေး​နေကြသည့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ များ​၊ ကျေးလက်​နေပြည်သူများအား ကိုဗစ်-​၁၉​ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်း​စေ​ရေးအတွက် ပါးစပ်ပိတ်နှာ ခေါင်းစည်း(mask) များ လှူဒါန်းပွဲကို ယမန်​​နေ့ နံနက် ၉ နာရီက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to