မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျ

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ရေများ မြင့်တက်လာခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် သရက်ချောင်းမြို့နယ်၊ ကနက်သီရိ ကျေးရွာ(က )ရပ်ကွက်ရှိ ကိုအေးမြင့်+မအေးစန္ဒာ၏ (အလျား ၂၀ ပေ၊ အနံ ၁၀ ပေ)ရှိ ဓနိမိုး၊ ဝါးထရံကာ နေအိမ်နှင့် ဦးတိုးညွှန့်+ ဒေါ်လှရွှေ၏ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ)ရှိ ဓနိမိုး၊ ဝါးထရံကာ နေအိမ် (၂)လုံး ပြိုကျပျက်ဆီးခဲ့ပြီး ၎င်းအတူ အခြားနေအိမ်(၁၀)လုံးခန့် ယိုင်လဲသွားခဲ့ကြောင်း သိရှိရသည်။

ရေတာရှည်မြို့နယ် ရဲတပ်ဖွဲ့မှ မယ်ဒက်ကယ်ဘုရားကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက သမိုင်းဝင် မယ်ဒက်ကယ် ဘုရားကြီးဝန်းအတွင်းရှိ ချုံနွယ်များအား ကုသိုလ်ယူစုပေါင်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ နေရပ်ပြန်(၅)ဦးအား Facility Quarantine ထားရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပွဲသာကျေးရွာ ( ၃ ) ဦး ဇရပ်ကြီးကျေးရွာ ( ၁ ) ဦး ၊ မင်းကြိုင်ကျေးရွာ( ၁ )ဦး၊ စုစုပေါင်း (၅ )ဦးတို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက် လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ စက်တင်ဘာ ၁၈ ရက် ညနေ (၄ )နာရီခွဲ က ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဗိုလ်တထောင်မြို့နယ်တွင် Quarantine Center ဖွင့်လှစ်မည့်နေရာတွင် လိုအပ်သော ပန်ကာအလုံး (၄ဝ)အတွက် အလှူငွေများလှူဒါန်း

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းချုပ်နိုင်ရေးအတွက် Quarantine Center ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၆)တွင် တပ်ဆင်ရန် ပန်ကာအလုံး (၄ဝ)အတွက် အလှူငွေများကို ယမန့်နေ နေ့လယ်(၁)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်ကမ်းထိန်းနံရံပြိုကျမူဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် သင်္ကန်းကြီးကားလမ်းပေါ်ရှိ ထင်းစုကျေးရွာအနီး မြစ်ကမ်းထိမ်း နံရံ ပေ ၁၀၀၀ အောက်ခြေတွင် ရွေးမြစ်၏ဝဲကတော့ထိုးမှုကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ပြိုကျခဲ့ကြောင်း သိရသည်။

ကျီခါးမြို့အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(ခေါမွန့်)ကျောင်း၌ စာသင်ဆောင်အသစ် ဆောက်လုပ်မှု (၉၅) ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်ရှိ အ.မ.က(ခေါမွန့်)ကျောင်း၌ စာသင်ဆောင် အသစ်ဆောက်လုပ် လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၉၅)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါကျောင်းမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့်ပညာပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါ က နှာခေါင်းစည်းမတပ်ဆင်သူများအား ယခုဝယ်ယခုတပ် စနစ်ဖြင့် ပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာ မွေတော် ဘုရားကြီးရှေ့ နှင့် လမ်းဆုံများတွင် ဆောင်ရွက်ခဲ့ကြသည်။

အိမ်မဲမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ-ထ-က(၂)၊ အ-မ-ကမြို့မ(၁)၊ အ-မ-ကမြို့မ(၂)ကျောင်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေ များပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများအတွက် စားဝတ်နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍ တာဝန်ရှိသူများက ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား ထောက်ပံ့ငွေ ပေးအပ်

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၅၈၁၂ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
Subscribe to