ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်သို့ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဖား​ဆောင်း      စက်တင်ဘာ   ၂၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ပူး​ပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် စားစရိတ်ထောက်ပံ့ခြင်းနှင့်​ထောက်ပံ့ပစ္စည်းများကို စက်တင်ဘာလ ၁၈ ရက် ည​နေပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦး​​အောင်မြတ်မိုးနှင့် ကော်မတီဝင်များက ပူး​​ပေါင်း စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ဝန်ထမ်းများအတွက် စားစရိတ် (၂၃)ရက်စာထောက်ပံ့ငွေ ကျပ်( ၄၀၂၅၀၀)၊ လက်ဆေးဘေစင်၊ ကုလားပဲဆံ၊ခြင်း၊​ ရေခွက်၊ ဆပ်ပြာခွက်၊ Brush၊ ကာ​ဘော်လစ်ဆပ်ပြာခဲ၊ ဆပ်ပြာခွက်၊ ဆပ်ပြာရည် ၊Mask  တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးစနစ်တကျ ကြပ်မတ်စစ်ဆေး ဆောင်ရွက်သွားရန် တာဝန်ကျဝန်ထမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)