မြောက်ဥက္ကလာပ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရန်ပုံငွေမှ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ်တွင် မသန်စွမ်းသူ (၃၄၅) ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၁၀,၃၅၀,၀၀၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)