မြင်းမူမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးတွင် ပေးဝေလျက်ရှိကြောင်း သိရှိရသည်။

နေရပ်ပြန် မြန်မာမိသားစုသုံးဦး ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်

မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုသုံးဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှ တစ်ဆင့် ကော့သောင်းမြို့သို့ ရေလမ်းခရီးမှ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ် အလုံအုပ်စုအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၄၈၁) စုအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှုအနေဖြင့် နိုင်ငံတော်အစို့းရက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးသော ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက အလုံအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှ လာရောက်သည့် MV.AKAGISAN သင်္ဘောပေါ်မှ သင်္ဘောသား(၁၇)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် M.T CHEMOCEAN ORION သင်္ဘောပေါ်မှ သင်္ဘောသား(၁၄)ဦး၊ အိန္ဒိယနိုင်ငံမှ လာရောက်သည့် MV EARTH OCEAN သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် MV SEA HERO သင်္ဘောပေါ်မှ သင်္ဘောသား(၁၀)ဦး၊ စုစုပေါင်း သင်္ဘောလေးစီး ပေါ်မှ သင်္ဘောသား (၄၄)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မော်လိုက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  မြို့တော်ခန်းမရှေ့တွင် ယာယီ ပျံကျစျေးအဖြင့် ပြောင်းရွှေ့ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မ စျေးကြီးအတွင်းရှိ ပျံကျစျေးသည်များအား စက်တင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့တော် ခန်းမရှေ့တွင် ယာယီပျံကျစျေးအဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ပေးထားကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် ကားအတူ စီးခဲ့သောသူများ အပါအဝင် (၈၈) ဦး၏ အာခေါင်၊ နှာခေါင်းတို့ပတ်(swap) ဓာတ်ခွဲနမူနာများ ရယူကာ ဓာတ်ခွဲရန်ပေးပို့

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ဒီပဲယင်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာနှင့် ကားအတူစီးခဲ့သောသူများအပါအဝင် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိ လာသူများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ သက်ဆိုင်ရာကျေးရွာများ အလိုက် ကန့်သတ်စောင့်ကြည့်ထားရာ ယနေ့နံနက်ပိုင်းက ၎င်းတို့တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ယင်းတို့ထံမှ အာခေါင်၊ နှာခေါင်းတို့ပတ်(swap) ဓာတ်ခွဲနမူနာများ ရယူကာ မန္တလေးမြို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေး လိုက်လံနှိုးဆော်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ(၅)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒိုင်းပြကျေးရွာနှင့် ကမော့ကချူးကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
Subscribe to