လင်းခေးမြို့နယ်၌ ဒေသခံပြည်သူများ လက်ဝယ်အရောက် တတိယအကြိမ်မြောက်ထောက်ပံ့ငွေများ ပေးအပ်

လင်းခေး         စက်တင်ဘာ  ၂၀

ကိုဗစ်− ၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း  ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေး အတွက် နိုင်ငံတော် အစိုးရက တတိယအကြိမ်မြောက် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ လင်းခေးမြို့နယ်  မြို့ပေါ်( ၈ ) ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းကစတင်၍ အိမ်တိုင်ယာရောက် လိုက်လံထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးနိုးဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်သန်း‌ဇော် တို့ ဉီးဆောင်၍ ၀န်ထမ်းများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့် ပုန်းထွန်ကျေးရွာ၊ ဒါးဆိပ်ကျေးရွာများမှ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၉၅) စု အတွက် အိမ်ထောင်စုတစ်စုလျှင်ငွေကျပ် ၂၀၀၀ဝိ/−နှုန်းဖြင့် အိမ်တိုင်ယာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ကျန်ရှိကျေးရွာအုပ်စု (၉)အုပ်စုအတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စုများအား ဆက်လက်၍ လိုက်လံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

မောက်မယ် (ပြန်ဆက်)