ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ထပ်မံပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။

မြစ်သားမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား တတိယအကြိမ်အဖြစ် ငွေကျပ် နှစ်သောင်းထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရမှ တတိယအကြိမ် ထောက်ပံ့သော ငွေကျပ် ၂၀၀၀၀ အားပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေရပ်ပြန်များ ၎င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေး တာဝန်ရှိသူများက နေ့စဉ်စီစဉ် ဆောင်ရွက်ပေးလျက်ရှိ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄လမ်းနှင့် ၆၂လမ်း ထောင့်ရှိ ဇီဝိတဒါန သာသနာ့အထူးကု ဆေးရုံကြီးတွင် တရုတ်ပြည် နယ်စပ်မြို့များမှ ရောက်ရှိလာကြသော နေရပ်ပြန်များအား ယမန်နေ့ နံနက် ၁၀ နာရီခွဲက ၎င်းတို့နေထိုင်ရာ နေရပ်အသီးသီးသို့ အဆင်ပြေ ချောမွေ့စွာ ပြန်နိုင်‌ရေးအတွက် လူစာရင်းစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ထားသည့် ထမင်းထုပ်၊ သောက်ရေသန့်ဘူးများအား ဝေငှ‌ပေးခြင်းတို့ကို‌ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် (ပဉ္စမအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုး ရမှ ထောက်ပံ့ပေးအပ်သည့် (ပဉ္စမအကြိမ်) ထောက်ပံ့ငွေများအား အိမ်တိုင်ရာ ရောက်ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့ သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်-ထားဝယ်ကားလမ်း ကတွဲကျေးရွာနှင့် သင်ပုန်းချောင်း ကျေးရွာအကြားရှိ ဘုတ်တောင်လမ်းပိုင်း၌ မြေသားများ ပြိုကျမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ယမန်နေ့ ည ၁၀ နာရီခွဲခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်ချောင်းမြို့နယ် ကတွဲကျေးရွာနှင့် ကညင်ချောင်းကျေးရွာအုပ်စု၊ သင်ပုန်းချောင်း ကျေးရွာအကြားရှိ ဘုတ်တောင်၌ ထားဝယ်-မြိတ်ကားလမ်း မိုင်တိုင်အမှတ်(၄၅/၆)နှင့် (၄၅/၇)အကြားတွင် ကားလမ်းမပေါ်သို့ တောင်မြေနံရံများ ပြိုကျခဲ့ရာ မြေသားထု(၇)ပေ၊ အရှည်(၆၀)ပေခန့် မြေသားများ ပြိုကျခဲ့သဖြင့် ကားလမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။

လောင်းလုံးမြို့နယ်တွင် မိုးသက်လေပြင်းကျ၍ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ကျေးရွာ အချို့တွင် နေအိမ်များပြိုကျပျက်စီး

တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က မိုးသည်းစွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနှင့် ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းများ ရိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းကျေးရွာ အချို့တွင် နေအိမ်များပြိုကျခြင်း၊ ပျက်စီးခြင်းနှင့် လမ်း၊ တံတားများ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၀၀၀ ကျော် အတွက် ထောက်ပံ့ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၈၀၀၀ ကျော်အတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရပ်ကွက်နှင့် ကျေးရွာများတွင် ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရေး အားကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးရန်လင်း အောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူများနှင့် မျိုးဆက်သစ် လူငယ်မောင်မယ်များ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာသို့ သွားရောက်ပြီး အားကစားလေ့ကျင့်နိုင်ရန်အတွက် ပိုက်ကျော်ခြင်းကစားကွင်း ပြုလုပ်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၊ မိုင်းဟောင်းကျေးရွာ၌ ကိုဗစ်− ၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန် မြို့နယ်တွင် ယမန်နေ့ နံနက်(၇) နာရီအချိန်က မြို့နယ်အထွေထွေ အုပ် ချုပ်ရေးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မိုင်းပန် စက်ဘီးစီးအဖွဲ့ နှင့် မိုင်းပန်မြို့နယ် စေတနာ့ဝန်ထမ်း များအသင်းတို့ပူးပေါင်း၍ မိုင်းဟောင်းကျေးရွာသို့ သွားရောက်ကာ ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Subscribe to