ကလေးမြို့နယ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များအတွင်းသို့ သွားလာ လျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များမှ စစ်ဆေးအရေးယူဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပရပ်ကွက်များ အတွင်းသို့ သွားလာလျက်ရှိသည့် ပြည်သူများအား ပူးပေါင်းအဖွဲ့များက စစ်ဆေးအရေးယူခြင်းကို ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး လိုက်လံကြေညာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ပုဒ်မခွဲ (ခ) လုပ်ပိုင်ခွင့်အရ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားသော အမိန့်အမှတ်(၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက်

Hlaing Quarantine Center (1) တွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများအား Swab ယူ၍ စစ်ဆေးပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ခဲ့သူများ အားထားရှိရန် Quarantine Center နေရာများ မလုံလောက်သောကြောင့် လှိုင်မြို့ နယ်အတွင်းရှိ အ.မ.က  (၂၆) နှင့် အ.လ.က (၅) ကျောင်းတို့အား Quarantine Center များ အဖြစ် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ ခဲ့သူများ

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် စောင့်ကြည့်လူနာများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ Community Based Facility Quarantine Centre များတွင် ထားရှိသော(စောင့်ကြည့်လူနာ)များအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန်ပွားမှုမရှိစေရန် မြို့အဝင် ပူးပေါင်းစစ်ဆေးရေး ဂိတ် ဖွင့်လှစ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ စက်တင် ဘာလ ၁၆ ရက်နေ့မှစ၍ ၄ မိုင် ၆ ဖာလုံလမ်းကိုပိတ်ပြီး မင်းတုန်း-ဘူးတောင်း-ပုသိမ်မုံရွာ ဆက်သွယ်ရေးလမ်း ဘူးတောင်းကျေးရွာ အဝင်တွင် မြို့အဝင်ပူးပေါင်းစစ်ဆေး ရေး ဂိတ် ဖွင့်လှစ်ဆောင် ရွက်လျက် ရှိသည်။

ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း အရေးပေါ်လူနာများ အသုံးပြုနိုင်ရန် အောက်စီဂျင်ဘူးများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသနေသော လူနာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပေါ်လူနာများအတွက် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လိုအပ်လျက်ရှိသော အောက်စီဂျင်ဘူးများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရန် အလှူငွေများကို လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က (ဋ)ရပ်ကွက်တွင်  ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to