မြောက်ဥက္ကလာပ စက်တင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က (ဋ)ရပ်ကွက်တွင် ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် (ဋ)ရပ်ကွက် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များက ရပ်ကွက်အတွင်းရှိ ဘိုးဘွား များထံ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၅၇၆) ဦးအား ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများ အတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၄၇၂၈၀၀၀၀) ကျပ်ကို ရပ်ကွက်(၁၉)ရပ်ကွက်တွင် ထောက်ပံ့ ပေးအပ်လျက် ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)