လှိုင် စက်တင်ဘာ ၂၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ခဲ့သူများ အားထားရှိရန် Quarantine Center နေရာများ မလုံလောက်သောကြောင့် လှိုင်မြို့ နယ်အတွင်းရှိ အ.မ.က (၂၆) နှင့် အ.လ.က (၅) ကျောင်းတို့အား Quarantine Center များ အဖြစ် လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ Positive လူနာများနှင့် ထိတွေ့ ခဲ့သူများ ထပ်မံ ပေါ်ပေါက်လာပါက ထားရှိရန် ကိုဗစ် -၁၉ ကော်မတီဝင်များ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အ.မ.က (၂၆)တွင် ဖွင့်လှစ်ထားသည့် Hlaing Quarantine Center (1)တွင် Positive လူနာနှင့် ထိတွေ့ခဲ့သူ လှိုင်မြို့နယ်အတွင်းမှ Contact Person (၅၀) ဦးအား ယမန်နေ့ ညနေက ကျန်းမာရေးဦးစီးဌာနက Swab ယူ စစ်ဆေးပေး လျက်ရှိကြောင်းသတင်းရရှိသည်။၊
ကြည်ဇေသော်(ပြန်/ဆက်)