ဒဂုံမြို့နယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတိပြုနေထိုင်ရမည့် အချက်များ အသိပေး နှိုးဆော်

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ သတိပြုကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည၉နာရီက ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊ ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု အဖြစ်ပွာစေရေးအတွက် အသိပညာပေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မြန်လာသည်နှင့် အမျှ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက် ရှိရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်

စုကလိမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စများကို ပြည်သူ များ ပိုမိုသိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အမှတ် (၁) ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ဖွယ်ရာများ အသိပညာပေး နံရံကပ် စာစောင်အား ပြသဆောင်ရွက်သည်။

အရာတော်မြို့နယ်တွင် မြို့အဝင် ကျန်းမာ‌ရေးစစ်ဆေးရေးဂိတ်၌ ခရီးသွားလာ‌‌နေသူများကို နေ့စဉ်စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ ၊သုံးဘီးယာဉ်များကိုစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို နေ့စဉ်နားရက်မရှိ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်တံခါးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစား ပင်စင်စားဝန်ထမ်းများ၏ ပင်စင် လစာငွေများ စနစ်တကျထုတ်ပေး

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်စားများ၏ လစာငွေများကို ယနေ့ နံနက် (၈)နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်စေရန် လူစုလူဝေး မဖြစ်ပေါ် စေရေး အတွက် မြို့နယ်စည်ပင်ခန်းမတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူမျာအား နှာခေါင်းစည်း (Mask)များဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူများအား နှာခေါင်းစည်း(Mask)များကို ယမန်နေ့ နံနက်ပိုင်းအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် မြင်းငူကျေးရွာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြေငူကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) တို့ အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင် ခံစားခွင့်ရှိ အဘိုးအဘွားများကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် Lock Down ချထားသောလမ်းများအတွင်းရှိ အိမ်ထောင်စုဝင်များအား အလှူရှင်များက စားသောက်ကုန်များ နေ့စဉ်လှူဒါန်းလျက်ရှိ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်းရှိ လမ်းများ၌ Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ စေတနာရှင်များက ​​နေ့စဉ် လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လသာမြို့နယ်တွင် Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိသည့် အ.ထ.က (၁) ကျောင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အ.ထ.က(၁)ကျောင်းရှိ Quarantine Centre အခြေအနေများအား မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to