ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး လိုက်လံကြေညာ

သင်္ဃန်းကျွန်း စက်တင်ဘာ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ပုဒ်မခွဲ (ခ) လုပ်ပိုင်ခွင့်အရ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားသော အမိန့်အမှတ်(၁၀၇/၂၀၂၀) အမိန့်ကြေညာချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ဦးဆောင်ကာ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ လိုက်နာနေထိုင်နိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက မိမိတို့ရပ်ကွက်များတွင် အသံချဲ့စက်များဖြင့် ယမန်နေ့ညပိုင်း အချိန်က လိုက်လံကြေညာပေးခဲ့ကြကြောင်း သိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)