ဟင်္သာတ စက်တင်ဘာ ၂၁
ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပေးအပ်သော Thermal Scanner များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက ဟင်္သာတမြို့နယ် အတွင်းရှိ ရပ်ကွက်(၃၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၀၁)အုပ်စု တို့အတွက် Thermal Scanner (၁)ခုနှုန်းနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများအတွက် (GAD)တံဆိပ်ပါ ပိတ်စ နှာခေါင်းစည်း (၃)ခုပါ (၁)ထုပ်စီတို့ကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းထံများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)