ဝါးခယ်မ၌ မြို့မစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး၊ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကန့်သတ်ချက်များ လိုက်နာစေရေး အသိပညာပေး
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့မစျေးအပါအဝင် စျေးရောင်း စျေးဝယ်များအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ် နိုင်စေရေးနှင့် တိုင်းဒေသကြီးအဆင့် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန် ကြေညာထားသော သတိပေးတားမြစ်မိန့်နှင့် ညွှန်ကြား ချက်များအား လိုက်နာစေရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီတွင် မြို့မစျေးအတွင်း အသိပညာပေးခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။