ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည် များပြားလာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နယ်လှည့်ရောင်းချနေသော မိုဘိုင်းဈေးသည်များ များပြားလာကြောင်း သိရှိရသည်။

ကျွန်းစုမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၂၃၈၄၅)အတွက် ငွေကျပ် သိန်းပေါင်း(၄၇၆၉)သိန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး နှင့်တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု (၂၃၈၄၅)အတွက် ငွေကျပ် သိန်းပေါင်း(၄၇၆၉)သိန်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သည့်

မင်းဘူးမြို့၌ (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

၂၀၂၀ ပြည်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ စုပေါင်းသွေးလှူဒါန်းပွဲကို မင်းဘူးခရိုင်တွင်းရှိ ရဲတပ်ဖွဲ့ဝင်များစုပေါင်း၍ မင်းဘူးမြို့ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။

ဒေါပုံမြို့နယ်၌ ​Quaratine ဝင်ရောက်သူများအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ရေဂါလံ(၁၆၀၀)ဂါလံ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ဖွင့်လှစ်ထားရှိသော Community Base Quarantine Centre ရှိ Quarantine ဝင်ရောက်နေသူများ ရေသုံးစွဲခြင်း အဆင်ပြေစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့ နံနက်(၁၁)နာရီအချိန်က သုံးရေကို သွားရောက်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေ နှင့် နှာခေါင်းစည်း(Mask)များ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံငွေနှင့် နှာခေါင်းစည်း(Mask)များပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်ကပန်းတင်အင်း ကျေးရွာ အုပ်စု၊ စခန်းသစ်ကျေးရွာ၌ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

လေးမျက်နှာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရန်အတွက်(CERP)အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း‌(VRFP)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာနှစ်ရွာအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့တွင် နေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် ယနေ့နံနက် ၀၅ နာရီ ၄၅ မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ သောက်သုံးရေအဆင်ပြေစေရေးအတွက် ကျေးရွာ နှစ်ရွာတွင် မြေသားရေကန် တူးဖော်ပြုပြင် ခြင်း လုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးရွာနှစ်ရွာ တွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၁၉.၆၉ သန်းဖြင့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Subscribe to