ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် စောင့်ကြည့်လူနာများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူခြင်း လုပ်ငန်းများဆောင်ရွက်

ဒဂုံမြို့သစ်(မြောက်ပိုင်း)  စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊  Community Based Facility Quarantine Centre များတွင် ထားရှိသော(စောင့်ကြည့်လူနာ)များအား  နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ရယူ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် ရယူဆောင်ရွက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈)အချိန် က မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် စစ်ချက်များအား အမှတ်(၁၆) ရပ်ကွက် မြို့ဦးစေတီ ဘူတာရုံဓမ္မရိပ်သာကျောင်းတိုက်မှ စောင့်ကြည့်လူနာ ၄၄  ဦးနှင့် အမှတ်(၅၀) ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းမှ စောင့်ကြည့်လူနာ ၇၀ ဦး၊ စုစုပေါင်းစောင့်ကြည့်လူနာ ၁၁၄ ဦးအား စစ်ဆေးချက်ယူခြင်းလုပ်ငန်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)