မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပြန်ပွားမှုမရှိစေရန် မြို့အဝင် ပူးပေါင်းစစ်ဆေးရေး ဂိတ် ဖွင့်လှစ်ဆောင်ရွက်

မင်းတုန်း စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ စက်တင် ဘာလ ၁၆ ရက်နေ့မှစ၍ ၄ မိုင် ၆ ဖာလုံလမ်းကိုပိတ်ပြီး မင်းတုန်း-ဘူးတောင်း-ပုသိမ်မုံရွာ ဆက်သွယ်ရေးလမ်း ဘူးတောင်းကျေးရွာ အဝင်တွင် မြို့အဝင်ပူးပေါင်းစစ်ဆေး ရေး ဂိတ် ဖွင့်လှစ်ဆောင် ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းတုန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ထောက်ခံစာယူဆောင်လာရမည်ဖြစ်ပြီး အခြားမြို့များမှ လာရောက် သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန၏ ထောက်ခံချက် ယူဆောင်လာရမည် ဖြစ်သည်။

အဆိုပါပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဘူးတောင်း ကျေးရွာနှင့် ကန်လည်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ထောက်ခံ စာမပါ ရှိပါကမင်းတုန်းမြို့တွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရသည်။ ချင်းကလေး (NRDC) ပေးပို့သော သတင်းမှန်ကန်ကြောင်း တာဝန်ယူပါသည်။

မြင့်ရွှေ (ပြန်/ဆက်)