သင်္ဃန်းကျွန်းမြို့နယ်တွင် အ.ထ.က (သုဝဏ္ဏ) အား တတိယမြောက် Quarantine Centre ပြုလုပ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉‌ ‌‌‌ရောဂါထိန်းချုပ်ကာကွယ်‌ ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေးလုပ်ငန်း‌ ကော်မတီမှ မိမိတို့မြို့နယ်အတွင်း ရောဂါ ပြန့်ပွားခြင်းများအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပိုးတွေလူနာများနှင့် ဆက်စပ်လျက်ရှိသူများကို Quarantine centre များတွင် ထားရှိ ဆောင်ရွက်ခဲ့သည်။

ရေစကြိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ စပယ်လမ်းနှင့် ဗန္ဓုလလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ရေစကြိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့နယ်နိမိတ်ရှိ အမှတ်(၇)ရပ်ကွက်၊ စပယ်လမ်းနှင့် ဗန္ဓုလလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လ ၉ ရက်နေ့က စတင်၍ ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Quarantine Center တွင် ယနေ့ထိ Quarantine ဝင်ရောက်သူ (၁၈)ဦးထိရှိ

ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ပြည်တွင်းကူးစက်မှု များပြားလာသည်နှင့်အမျှ ရောဂါပိုး တွေ့ရှိသူနှင့် ဆက်စပ်သူများ၊ သံသယလူနာများအား ထားရှိရန် နေရာအခက်အခဲရှိလာသဖြင့် အဆိုပါသူများ အားထားရှိနိုင်ရန်

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါက သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပရဟိတ အဖွဲ့အစည်းများနှင့် ဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရန်ကုန်နှင့်အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်သူများပြားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါက သယ်ယူပို့ဆောင် နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စည်သူခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်က ရက်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ ပရဟိတ အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဖျာပုံမြို့၌ မြို့မိမြို့ဖများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အလှူငွေများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ နေ့စဉ် အလှူငွေများ လှူဒါန်းလျက် ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ ကျယ်ကျယ်ပြန်ပြန့်သိရှိနိုင်ရေး Hand Speaker ဖြင့် အရှိန်အဟုန်​မြှင့် လိုက်လံအသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ​ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန် လမုတန်းရပ်ကွက်အတွင်း Hand Speaker ဖြင့် အရှိန်အဟုန်မြှင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း (၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် စေတနာရှင်များမှ လှူဒါန်း

ပြည်ခရိုင် ရွှေတောင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် အထောက်အကူပြု လုပ်ငန်းနေရာများတွင် အသုံးပြု ဆောင်ရွက်နိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ၊ PPE ဝတ်စုံများ၊ ရာဘာလက်အိတ်များ၊ maskများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူနာဆောင်သစ်များ ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

တောင်ငူခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်များ ပေါ်ပေါက်လာပါက ထားရှိ ကုသနိုင်ရန် လူနာဆောင်များ ကြိုတင်ပြင်ဆင်ရေးနှင့် ကုသရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ညှိနှိုင်း ဆွေးနွေးခြင်းကို ခရိုင်ဆေးရုံအုပ်ကြီး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

မအူပင်မြို့၌ အငြိမ်းစားဝန်ထမ်းများ ပင်စင်ထုတ်ရာတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့် အညီ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လစဉ်ဆောင်ရွက်လျက်ရှိသည့် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်ထုတ်ရာတွင် လူစုလူဝေးမဖြစ်စေရန်နှင့် (COVID-19) ကူးစက်မြန်ရောဂါကြိုတင် ကာကွယ်နိုင်ရန် မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်သင်္ဂီရွှေနှင့် ဝန်ထမ်းများက ယနေ့မှ စတင်ကာ သတ်မှတ်ပင်စင် လစာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကြက်မောက်တောင်ဆည်ရေ သောက်ဒေသတွင် Cash For Work အစီအစဉ်ဖြင့် ဆောင်ရွက် သည့် လယ်ကြားမြောင်း ပြုပြင်ခြင်းများအတွက် ဆည်ရေအသုံးချသူအစုအဖွဲ့များထံ လုပ်အားခ ငွေကျပ် ၁၀၆၄၅၀၀၀ ကျပ်ပေးချေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ရေသောက် ဒေသတွင် ကိုဗစ်-၁၉ ကာလ ကုစားမှု အစီအစဉ် (CERP) အရ၊ Cash For Work အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လယ်ကြားမြောင်းနှင့် လက်တံမြောင်း တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများ အတွက် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ဆည်ရေအသုံးချသူများအစုအဖွဲ့ထံ လုပ်အားခ ငွေပေးချေခြင်းကို ယနေ့ နံနက်(၁၀) နာရီက အတာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to