ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း သမဝါယမဝန်ထမ်းများအား စားသောက်ကုန် ပစ္စည်းများနှင့် နှာခေါင်း စည်းများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် သမဝါယမဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံသမဝါယမအသင်း ဝန်ထမ်းများအား စားသောက် ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများအား ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များ ကူညီထောက်ပံ့ကာ အားပေးစကား ပြောကြား

ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် Lock down သတ်မှတ်ခံရသည့် နေရာ၊ အိမ်၊ တိုက်ခန်းများရှိ မိသားစုဝင်များကို ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်၊ အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့်ကော်မတီဝင်များ၊ We Love Yangon (Thingangyun) မှ အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်း Lockdown သတ်မှတ်ခံရသည့် နေရာ၊ အိမ်၊ တိုက်ခန်းများရှိ မိသားစုဝင်များကို သွားရောက် အားပေးစကားပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များအား ကူညီထောက်ပံ့ပေးခဲ့ကြ‌သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် သူနာပြုနှီးနွယ်သင်တန်းကျောင်း Quarantine Center ရှိကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူများအားအာဟာရမုန့်များလာရောက်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရန် အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍  Quarantine Centerကို  သူနာပြုနှီးနွယ်သင်တန်း ကျောင်းဝင်းအတွင်းရှိ  နှစ်ထပ်ဆောင်၌ စက်တင်ဘာ ၁၈ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အခြေခံစားသောက်ကုန်၊ အခြားလူသုံးကုန်ပစ္စည်း အရောင်းဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်စည်းကမ်းလိုက်နာရန် အသိပေး စစ်ဆေးခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် အခြေခံစားသောက်ကုန်၊ အခြားလူသုံးကုန် ပစ္စည်းအရောင်းဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်စည်းကမ်း လိုက်နာ ရောင်းချရန် အသိပေးစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် လူနေအိမ်တစ်ခြမ်းပျက်စီးကာ ဆင်နှာမောင်းဖြင့် ပုတ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ဝဲဘက်နံဘေးဒဏ်ရာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင် ကျေးရွာ၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း၊ လုပ်ကွက်အမှတ် ၈၉ တွင် ယမန်နေ့နံနက် ၁ နာရီခွဲခန့်က တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ရေဖြင့် မိုးစပါး ၁၄၇ဧကစိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါးဧက၁၄၇ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကျောက်ကူးလျှပ်စစ်မြစ်ရေတင်တာဝန်ခံ ဦးလှမင်းထက်(ဦးစီးအရာရှိ)က ပြောကြားသည်။

လပွတ္တာမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့်ငွေများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ ငွေများကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် တတိယအကြိမ် ထောက်ပံ့​ငွေ​​ ထပ်မံပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ ရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်၌နွေစပါးပျက်စီးဧကအပေါ်မိုးစပါးပြန်လည်အစားထိုးစိုက်ပျိုးရန်မျိုးစပါးများထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ နွေစပါးပျက်စီးဧကအပေါ်မိုးစပါးပြန်လည်အစားထိုးစိုက် ပျိုးရန်မျိုးစပါးများ ထောက်ပံ့ပေးအပ်ခြင်းကို စိုက်ပျိုးရေး ဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံးဝန်းအတွင်းတွင်ယနေ့နံနက်(၉)နာရီကထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

ကရင်ပြည်နယ်မှ သူနာပြုဆရာ/ဆရာမ ၂၀ဦး ရန်ကုန်တိုင်း ဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာ

ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန(ဖောင်ကြီး)တွင် သွားရောက် တာဝန် ထမ်းဆောင်ရန် ယနေ့ နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားကြပြီဖြစ်သည်။
Subscribe to