ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်

ဒဂုံ(အရှေ့) စက်တင်ဘာ ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ကာလ အတွင်း ကိုယ်အင်္ဂါမသန်စွမ်းသူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ အဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းကျပ်စီ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ မသန်စွမ်းသူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ မသန်စွမ်း (၃၅၇) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀၇၁၀၀၀၀/- ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)