ဒဂုံမြို့နယ်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတိပြုနေထိုင်ရမည့် အချက်များ အသိပေး နှိုးဆော်

ဒဂုံ စက်တင်ဘာ ၂၁

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ သတိပြုကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည၉နာရီက  ယောမင်းကြီးရပ်ကွက်၊ ဘုရားကြီးရပ်ကွက်၊   ဦးဝိစာရ ရပ်ကွက်၊ ပြည်အရှေ့ရပ်ကွက်နှင့် ပြည်အနောက်ရပ်ကွက်တို့၌ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံများက အသံချဲ့စက်ဖြင့် နှိုးဆော်ပေးကြောင်း သိရသည်။

နှိုးဆော်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓါတ်ခွဲအတည်ပြု လူနာပိုမိုများပြားလာသဖြင့် ရောဂါကူးစက်မှုမခံရစေရန်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိ ပေး နှိုးဆော်ချက်များ  တိကျစွာလိုက်နာကြရန်၊  မဖြစ်မနေအပြင်သို့  သွားရောက်ရန် လိုအပ်ပါက  ပါးစပ်၊ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန်နှင့်  တစ်ဦးချင်းအလိုက် သတိပြုလိုက်နာ ရှောင်ရှားရမည့် အချက်များကို ထည့်သွင်း နှိုးဆော်ထားကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)