နိုင်ငံတော်အစိုးရမှ ရေဦးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၁၆၇၀ အား တစ်အိမ်ထောင်လျှင် ငွေကျပ် နှစ်သောင်းနှုန်း ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရက ထောက်ပံ့သည့် ငွေများကို စက်တင်ဘာ တတိယပတ်က အခြေခံလူတန်းစား အိမ်ထောင်စု ၂၁၆၇၀ အတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းကို ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက တစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။