စုကလိမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

စုကလိ စက်တင်ဘာ ၂၁

ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စများကို ပြည်သူ များ ပိုမိုသိရှိနိုင်ရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အမှတ် (၁)  ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ဖွယ်ရာများ အသိပညာပေး နံရံကပ် စာစောင်အား ပြသဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ပြဌာန်းချက်များ၊ ကလေးသူငယ် စောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများ၊  ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ထည့်သွင်းပြသထားသည်။

ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်း အဖြစ် ဆောင်ရွက်လျက်ရှိပြီး Online မှတစ်ဆင့် သတင်းအချက်အလက်များနှင့် ဗဟုသုတ ရဖွယ်အချက်အလက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် အလွယ်တကူ လေ့လာ နိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း(ပြန်/ဆက်)