တိုက်ကြီးမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူမျာအား နှာခေါင်းစည်း (Mask)များဖြန့်ဝေ

တိုက်ကြီး စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ပြည်သူများအား နှာခေါင်းစည်း(Mask)များကို ယမန်နေ့ နံနက်ပိုင်းအချိန်က အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်အတွင်းရှိ မိုးစေတနာ လူမှုကူညီရေး အသင်း၊ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း၊ ဥူးမာဃလူမှုကူညီရေးအသင်းနှင့် ပညာရေး ညီအစ်ကိုမောင်နှမများက အတူပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်း၊ အပြင်၊ ပတ်ဝန်းကျင်ရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်မှ အပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်း(Mask)များကို မမေ့မလျော့တပ်ဆင်ကြရန်၊ တပ်ဆင်ရာတွင်လည်း နည်းစနစ်တကျ တပ်ဆင်အသုံးပြုတတ်စေရန်နှင့် တပ်ဆင်အသုံးပြုပြီးသား နှာခေါင်းစည်း(Mask)စနစ်တကျ စွန့်ပစ် တတ်စေရန် အသိပညာပေးနှိုးဆော်ကာ နှာခေါင်းစည်း(Mask) (၃၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)