မြောင် စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ရဲတပ်ဖွဲ့မှ အောက်တိုဘာလ(၁)ရက် နေ့တွင် ကျရောက် မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆန်းဦး ကြီးကြပ် ဦးဆောင်မှုဖြင့် ယနေ့ နံနက်တွင် မြောင်မြို့ သမိုင်းဝင် ရွှေပေါ်ကျွန်း မြတ်စွာ ဘုရားပုရဝုဏ် အတွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ပေါင်းမြက်များ ရှင်းလင်းခြင်း နှင့်သန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ သန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်တပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ စခန်းမှူးဦးဆောင်သော တပ်ဖွဲ့ဝင်များ စုပေါင်းကာ ဘုရားပုရဝုဏ်အတွင်း သန့်ရှင်း ရေးများပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
တင်ကိုကို(မြောင်)