လှိုင်မြို့နယ်တွင် Lock Down ချထားသောလမ်းများအတွင်းရှိ အိမ်ထောင်စုဝင်များအား အလှူရှင်များက စားသောက်ကုန်များ နေ့စဉ်လှူဒါန်းလျက်ရှိ

လှိုင်     စက်တင်ဘာ    ၂၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်းရှိ လမ်းများ၌ Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ စေတနာရှင်များက ​​နေ့စဉ် လာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် Lock Down ချသည့် ရပ်ကွက်များ အတွင်းရှိလမ်းများအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် Quarantine ဝင်နေသော အိမ်ထောင်စုများအား လွှတ်​​တော် ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ပရဟိတအသင်း အဖွဲ့များနှင့် ရပ်ကွက်အတွင်းနေ စေတနာရှင်ပြည်သူများမှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥ၊ ငါးသေတ္တာ ဘူး၊ ခေါက်ဆွဲခြောက်ထုပ်၊ အချိုမှုန့်များ၊ နှာခေါင်းစည်း Masks များ၊ ထမင်းဘူးများ၊ နံနက်စာ၊​နေ့လည်စာ ၊ ည​နေစာ စား​သောက်ဖွယ်ရာများ၊ အသီးအနှံနှင့် မုန့်များအား အလှူရှင် အသီးသီးက​နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိကြကြောင်း သိရှိရပါသည်။

ကြည်​​ဇေ​သော်(ပြန်/ဆက်)

၀၉၂၅၀၃၅၈၃၃၇