ကလေးစာပေပွဲတော်(လပွတ္တာ)ဒုတိယနေ့ ပြပွဲ၊ ပြိုင်ပွဲများတွင် ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
လပွတ္တာ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် လပွတ္တာခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (လပွတ္တာ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယနေ့ (ဒုတိယနေ့)တွင် ပြပွဲ၊ ပြိုင်ပွဲများ၌ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။