ကျောက်တံခါး စက်တင် ဘာ ၂၁
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်စားများ၏ လစာငွေများကို ယနေ့ နံနက် (၈)နာရီက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်စေရန် လူစုလူဝေး မဖြစ်ပေါ် စေရေး အတွက် မြို့နယ်စည်ပင်ခန်းမတွင် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ကို ဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့် အညီ မြို့နယ်စည်ပင်သာယာခန်းမအတွင်းသို့ ဝင်ရောက်လျှင် စနစ်တကျလက်ဆေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် အပူချိန်တိုင်းပေးခြင်းများကို ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးသည်။
ပင်စင်လစာငွေများကို စက်တင်ဘာလ(၂၁)ရက်မှ (၂၃)ရက်နေ့ထိ နေ့စဉ်ထုတ်ပေးသွားမည် ဖြစ်ပြီး ၎င်းနေ့ရက်များတွင် ထုတ်ယူခြင်းမပြုသူများအား မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး တွင် ရုံးဖွင့်ရက်ရုံးချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ကြေညာထားကြောင်းသိရှိရသည်။
စန်းစန်း (ပြန်/ဆက်)