အရာတော်မြို့နယ်တွင် မြို့အဝင် ကျန်းမာ‌ရေးစစ်ဆေးရေးဂိတ်၌ ခရီးသွားလာ‌‌နေသူများကို နေ့စဉ်စစ်ဆေးဆောင်ရွက်

အရာတော်  စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များ ၊သုံးဘီးယာဉ်များကိုစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် ကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို နေ့စဉ်နားရက်မရှိ စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင် အရာတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ် တုန့်ပြန်ရေးကော် မတီဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝေတို့၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်/ကျေး စာ‌ရေးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး နေ့စဉ် မုံရွာ-အရာတော်-ရွှေဘို သွားကားလမ်းပေါ်ရှိ အရာတော်မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် ဝင်/ထွက် သွားလာ‌နေသော ပြည်သူတစ်ဦးချင်းကို အလိုအလျှေက် အပူချိန် တိုင်း တာစက်ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွား ရာဇဝင်အကြောင်းအရာများ ရေးမှတ်ခြင်း၊ သက်ဆိုင်ရာရပ်/ ကျေးထောက်ခံချက် ပ/မပါ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ထားသော ညွှန်ကြား ချက်များနှင့် အညီ သွားလာရေးတို့အတွက် နေ့စဉ် ကြပ်မတ်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)