တံတားဦးမြို့နယ် မြင်းငူကျေးရွာတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

တံတားဦး စက်တင်ဘာ ၂၁


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြေငူကျေးရွာအုပ်စုရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) တို့ အတွက် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမှုရေးပင်စင် ခံစားခွင့်ရှိ အဘိုးအဘွားများကို ယနေ့နံနက်(၁၀)နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြေငူကျေးရွာအုပ်စုအတွင်းရှိ လူမှုပင်စင်ခံစားခွင့် ရရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၁၀)ဦးနှင့် အဘွား(၁၄)ဦး စုစုပေါင်း(၂၄)ဦးအတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လစဉ်နိုင်ငံတော်မှ တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းကို (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) များအတွက် စုစုပေါင်း (၇၂၀၀၀၀)ကို အဘိုးအဘွားများ ၏ နေအိမ်အရောက် သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း မြင်းငူကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးမင်းအောင်ထံမှ သိရသည်။
တံတားဦးမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်(၃)ရပ်ကွက် ကျေးရွာအုပ်စု(၆၁)အုပ်စုတွင် လူမှုပင်စင် ခံစားခွင့်ရရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၂၅၁)ဦး၊ အဘွား(၆၆၀)ဦး စုစုပေါင်း အဘိုးအဘွား (၉၁၁) ဦးအတွက် ထောက်ပံ့ငွေကျပ် (၂၇၃၃၀၀၀၀) ကို ထောက်ပံ့ပေး နိုင်ခဲ့ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)