လသာမြို့နယ်တွင် Quarantine Centre အဖြစ် ဆောင်ရွက်ထားရှိသည့် အ.ထ.က (၁) ကျောင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

လသာ စက်တင်ဘာ ၂၁       

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် အ.ထ.က(၁)ကျောင်းရှိ Quarantine Centre အခြေအနေများအား မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင်  ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ သီး​​ခြား စောင့်ကြည့်လူနာများ နေ့စဉ် ထမင်းနှင့် ဟင်းများကျွေး မွေးနိုင်ရေးအတွက် စီစဉ်ထားရှိမှုများ၊ စွန့်ပစ် အမှိုက်များအပေါ် စီစဉ်ဆောင်ရွက်မှုများ၊ Quarantine ဝင်ရောက်သူများ လိုက်နာနေထိုင်ရမည့် စည်းကမ်းချက်များအား သိရှိနိုင်စေရန် အသိပညာပေးဆောင်ရွက်ရမည့် အချက်များအပေါ် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား လွှတ်​တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်​ကြီးနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ ရပ်မိရပ်ဖ များက ဆွေးနွေးခဲ့ကြသည်။

အဆိုပါအ.ထ.က(၁)ကျောင်းတွင် ဆောင်ရွက်ထားသည့် Quarantine Centre တွင် လသာမြို့နယ် အတွင်းမှ ကိုဗစ်-၁၉ Positive တွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ Primary Contact (၆၃)ဦးကို စတင်ထားရှိခဲ့ပြီး ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု များ၊ လုံခြုံရေးချထားမှုများကို ဆောင်ရွက် ပေးထားကြောင်း သိရသည်။

မေသူ (ပြန်/ဆက်)