လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် အ.ထ.က(၈)ကျောင်းတွင် အသစ်ဖွင့်လှစ်ထားသည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အသုံး အဆောင်ပစ္စည်းများကို We Love HlaingTharyar အဖွဲ့က လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်တွင်  ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍  အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း တွင် အသစ်ဖွင့်လှစ်ထားသည့် ကန့်သတ်စောင်ကြည့်စခန်းတွင် ထားရှိမည့်သူများအသုံးပြုရန် အသုံးအဆောင်ပစ္စည်းများကို We Love HlaingTharyar  အဖွဲ့မှ လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီသို့ ယမန့်နေ့ ညနေ ၄ နာရီခန့်က လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် We Love HlaingTharyar  အဖွဲ့မှ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ ဂွမ်းကပ် အိပ်ရာခင်း၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာအမွှေးခဲ၊ မျက်နှာသုတ်ပဝါ၊ အမှိုက်စွန့်ပစ်အိတ်ကြီး အစရှိသည့် အသုံးအဆောင်ပစ္စည်းများကို လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ပေးအပ် လှူဒါန်းရာ၊ ကော်မတီကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)