ကိုဗစ် - ၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၅၆၈) စုအတွက် ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက်  စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့က ဆင်ကူး၊ ကော့မြတ်ကြီး၊ ကဒီကံ၊ အောက်ရေပူ ကျေးရွာတို့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ဆင်ကူးကျေးရွာ အိမ်ထောင်စု(၆၈၁)စု၊ ကော့မြတ်ကြီးကျေးရွာ အိမ်ထောင်စု (၈၂)စု၊ ကဒီကံကျေးရွာ အိမ်ထောင်စု(၃၆)စုနှင့် အောက်ရေပူကျေးရွာ အိမ်ထောင်စု(၇၆၉)စု အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀၀/-)နှုန်းဖြင့် ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)