တောင်တွင်းကြီး စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ Surgical Mask (၅၀၀၀) ခုအား ပုလဲစာပေ မိသားစုမှ ယမန်နေ့ နေ့လယ်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပုလဲ စာပေမိသားစုမှ Surgical Mask (၅၀၀၀) ခုအား မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက် လှူဒါန်းရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်ကြည်မာက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)