ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အထောက်အကူ ပြု ပစ္စည်းများ ပေးအပ်လှူဒါန်း

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင် အသီးသီးမှ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့လှူဒါန်းထားသည့် အထောက်အကူပြုပစ္စည်းများ  ထပ်ဆင့် ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများပေးအပ်လှူဒါန်း ရာတွင် အလှူရှင်များမှ လှူဒါန်းထားသည့် PPE ဝတ်စုံ (၁၀၀)၊ မျက်မှန် (၂၀)ခု၊ လည်ရှည်ဖိနပ်(၂၀)ရံနှင့် Mask အခုရေ(၅၀၀၀)တို့ကို မြို့နယ် ကျန်းမာရေးဌာနသို့ လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့သို့ Mask အခုရေ (၁၀၀၀) အား လည်းကောင်း၊ မီးသတ်တပ်ဖွဲ့အား Mask ,အခုရေ (၁၀၀၀)၊ မြို့နယ် ကြက်ခြေနီ အသင်းအား PPE (၁၀)စုံ၊ မျက်မှန် (၁၀)ခုနှင့် ဖိနပ်(၁၀)ရံ၊ မြို့နယ် လူမှုကူညီရေး ပရဟိတ အဖွဲ့ထံသို့ PPE (၁၀)စုံ၊ မျက်မှန်(၁၀)ခုနှင့် ဖိနပ်(၁၀)ရံတို့ကို မြို့နယ် ‌အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ အသီးသီး ကထပ်ဆင့် ပေးအပ် လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)