မိုင်းခုတ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ ၂၀၀၀၀ ဆက်လက်ထောက်ပံ့

မိုင်းခုတ် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စု များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရမှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၃)အုပ်စုမှ အခြေခံလူတန်းစား အိမ်ထောင်စု(၃၃၀)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆,၆၀၀,၀၀၀)သိန်းအား မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

စိုးတင့် (ပြန်ဆက်)