နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို နတ်မောက်ကွန်ရက် ပရဟိတအဖွဲ့က ယမန်နေ့ နံနက် (၉) နာရီခန့်က ဂွေးကုန်းကျေးရွာသို့ သွားရောက် ၍ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နတ်မောက်ကွန်ရက်ပရဟိတအဖွဲ့က  ဂွေးကုန်း ကျေးရွာရှိ Facility Quarantine ထားရှိသူများ၊  ဆန်အိတ်(၅)အိတ် နှင့် Mask များလှူဒါန်းခဲ့သည်။

ဆက်လက်၍ နတ်မောက်ကွန်ရက်ပရဟိတအဖွဲ့က ဂွေးကုန်းကျေးရွာအတွင်း  စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှု ကူညီရေးအသင်းယာဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဝင်းမေထွန်း (နတ်မောက်)