မိုင်းပန် စက်တင်ဘာလ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်း(၁၄)ဦးအား ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က တာဝန်ရှိသူတို့မှ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းတို့သည် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်ရပြီး ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကအရေးကြီးသော မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန် စေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ရုံးပိတ်ရက်(၁၉)ရက်အပါအဝင် တစ်ရက်လျှင် ငွေကျပ်(၄၈၀၀)နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်(၉၁၂၀၀)တိတိ၊ ဝန်ထမ်း(၁၄)ဦးအတွက် စုစုပေါင်း ငွေကျပ်(၁၂၇၆၈၀၀) တစ်ဆယ်နှစ်သိန်းခုနှစ်သောင်း ခြောက်ထောင်ရှစ်ရာကျပ် တိတိအား နိုင်ငံတော်၏ ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့မှ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းတို့၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မိုင်းပန်(ပြန်/ဆက်)