ငဖဲမြို့နယ် ပန်းတိမ်း-စစ်တောကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert (၂)စင်း တည်ဆောက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်းကျေး လက် နေပြည်သူများရာသီမရွေးသွားလာရေး လွယ်ကူအဆင်ပြေစေရန်အတွက် ကျေးရွာ ချင်းဆက်လမ်းများ နှင့် Box Culvert များကိုတည်ဆောက်ပေးလျက်ရှိရာ ပန်းတိမ်း-စစ်တောကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ကျောက်ကြီး Box Culvert (၂)စင်းတည်ဆောက်ခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ ယနေ့မှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၁၄၇၆ ဦးအား ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၁၄၇၆ ဦးအား တစ်ဦးလျင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကို ယနေ့ နံနက်ပိုင်းတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

ဘုတလင်-ညောင်ကန်-ကနဲ-ကနီလမ်းအား ကတ္တရာထပ်ပိုးလွှာခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်နှင့် ကနီမြို့နယ်ကို ဆက်သွယ်ထားသော ဘုတလင်-ညောင်ကန်-ကနဲ-ကနီလမ်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ လမ်းဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာ ထပ်ပိုးလွှာခင်းပြီး လမ်းအဆင့်မြှင့်တင်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းခိုင်ထံမှ သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာကြိုတင် ကာကွယ်ရေးအသိပညာပေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများစုဖွဲ့ထားရှိ

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြိုတင် ကာကွယ် ဆောင်ရွက်နိုင်ရန် မြစ်ဘေး၊ ချောင်းဘေး နေထိုင်သည့် အိမ်ထောင်စုများ အသိပညာပေးခြင်း လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွာငံမြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာမရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ယနေ့နံနက်(၁၀)နာရီ က ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။

ဖရူဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပုတ်ပြတ်ဝန်ထမ်း များအား အခြေခံစားသောက်ကုန်များနှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ပုတ်ပြတ်ဝန်ထမ်းများအား မြို့နယ်ဦးစီးမှူးမှ ဦးဆောင်၍ ကိုဗစ် - ၁၉ ရောဂါကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ယမန်နေ့က အခြေခံ စားသောက်ကုန်များ နှင့် ရောဂါကာကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်၌ ကိုဗစ်-၁၉‌ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ကိုဗစ်-၁၉‌ရောဂါ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

အရာတော်မြို့တွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ နေအိမ်ပြင်ပသွားလာနေသူ (၁၅) ဦးကို တရားရုံးမှ ငွေဒဏ်ချမှတ်အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့၌ နှာခေါင်းစည်း (Mask) မတပ်ဘဲ နေအိမ်ပြင်ပ သွားလာ‌နေသူ (၁၅) ဦးကို တရားရုံမှ ငွေဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့တွင် စည်ပင်သာယာမြို့မစျေးအား မြို့နယ်ဘောလုံးအားကစားကွင်းသို့ ယာယီ ပြောင်း‌ရွှေ့ ဖွင့်လှစ်

ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချူပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ရွှေကျင်မြို့နယ် စည်ပင်သာယာ မြို့မစျေးအား စက်တင်ဘာ ၂၂ရက်နေ့ နံနက် ၆နာရီက မြို့နယ်ဘောလုံး အားကစားကွင်းသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရသည်။

ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တစ်အိမ်ထောင် ငွေကျပ် ၂၀၀၀၀ နှုန်း တတိယအကြိမ် ထောက်ပံ့ပေးအပ်

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရအနေဖြင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့မှုများ ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နေ့လယ် ၂ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
Subscribe to