အင်တောမြို့တွင် အခြေခံအိမ်ထောင်စု ၁၁၆ စုအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ အင်တောမြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတို့အား စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့သည့် တတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ ၉ နာရီအချိန် က မြို့ပေါ်(၆)ရပ်ကွက်သို့ ကွင်းဆင်း၍ ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ အငြိမ်းစားပင်စင်စား ဝန်ထမ်းများ၏ ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး

ပဲခူးတိုင်ဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေး ဘဏ်ခွဲမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အောင်ဆန်းစာကြည့်တိုက်ခန်းမနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ စနစ်တကျထားရှိ၍ ယမန်‌နေ့ နံနက်ပိုင်းမှစတင်ကာ ပင်စင်လစာများအား စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်ကျား(၄၀)ဦးနှင့်မ(၂၇)ဦး စုစုပေါင်း(၆၇)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။

ဝေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ

၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ၂၂ရက်‌နေ့ နံနက်(၁၀)နာရီက ပြုလုပ်သည်။

ပန်ဆောင်မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ပေါ် ရပ်ကွက်သုံးရပ်ကွက်ရှိ ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအနေဖြင့် ဈေးဆိုင်များ ဆိုင်ထိုင်ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မြို့ပေါ်(၃)ရပ်ကွက် နှင့် ကျေးရွာများရှိ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလအတွင်း ဆိုင်ထိုင်စားသောက်ခွင့်မပြုကြရန်၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များနှင့်အညီရောင်းချနိုင်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ စေပြီး စည်းကမ်းလိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

သရက်မြို့၌ ပထမဆုံး လမ်းဆုံမီးပွိုင့်နှင့် Control Room စတင်အသုံးပြုနေမှုအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက် - ကံမ ကားလမ်းပေါ်ရှိ နတ်စင်လမ်းနှင့် သတ္တဌာနဘုရားလမ်းဆုံရာတွင် ပထမဆုံးလမ်းဆုံမီးပွိုင့်နှင့် Control Room စတင် အသုံးပြုနေမှု အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့နေ့လယ် (၂) နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲကုန်သွယ်ရေးရေးဌာနမှ နှာခေါင်းစည်း (၄)သိန်းလာရောက်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ ကုန်သွယ်ရေးဌာန က ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်းများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့် က မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ် ပန်ဆိုင်း(ကြူကုတ်)-ဝမ်တိန်တံတား၌ လာရောက် ပေးအပ်လှူဒါန်းသည်။

ဝန်းသိုမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အဖွဲ့မှ အသိပညာပေးခြင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ပြန်လည်ထုတ်ချေးခြင်း လုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ထုံးဘိုကျေးရွာ၊ အင်းမကျေးရွာ၊ အလယ် ကျွန်းကျေးရွာများတွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)အဖွဲ့မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း အသိပညာပေး ခြင်းနှင့်
Subscribe to