မွန်ပြည်နယ်စာကြည့်တိုက်များ ဥပဒေ (မူကြမ်း) အား အတည်ပြုရေးဆွဲနိုင်ရေး စာကြည့်တိုက် တာဝန်ခံများနှင့် ပြည်နယ်လွှတ်တော် ဒု−ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး တွေ့ဆုံဆွေးနွေး

ချောင်းဆုံ ဇန်နဝါရီ ၁၁

မွန်ပြည်နယ် စာကြည့်တိုက်များ ဥပဒေကို ပြည်နယ်လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းနိုင်ရေး အတွက် မွန်ပြည်နယ် စာကြည့်တိုက်များ ဥပဒေ (မူကြမ်း)အား လွှတ်တော် ဒု−ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ချပြဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပခဲ့ရာ စာကြည့်တိုက် တာဝန်ခံများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။

မီးဘေးကြိုတင်ကာကွယ်နိုင်ရေး မြို့ပေါ်ရပ်ကွက်လူနေအိမ်နှင့် ဆန်စက်များအားကွင်းဆင်းစစ်ဆေး

ရေဦး      ဇန်နဝါရီ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်မီးသတ်ဦးစီးမှုးရုံးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပူးပေါင်း၍  ဇန်နဝါရီ ၁၀ ရက်နံနက် ၈ နာရီကအဖွဲ့နှစ်ဖွဲ့ခွဲကာ  မြို့ပေါ်ရပ်ကွက်   လူနေအိမ်များနှင့် ဆန်စက်များ   မီးဘေးကြိုတင်ကာကွယ်နိုင်‌ရေး  ကွင်းဆင်းစစ်ဆေးမှုပြုလုပ်‌ခဲ့ကြောင်းသိရသည်။

ကျေးရွာအရောက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေး

ဗန်းမောက် ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ပြည်သူ့ဝန်ဆောင်မှု ရုံးအနေဖြင့် ဒေသခံ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ပြည်သူများက အစိုးရနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအပေါ် အားကိုးယုံကြည်မှု တိုးပွားလာစေရန် ရည်ရွယ်၍ ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လယ်နက်ကြီး ကျေးရွာအုပ်စု နားယကာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌  ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မိတ္ထီလာ  ဇန်နဝါရီလ ၁၁

မိတ္ထီလာမြိုနယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်နည်း ပညာသင်တန်း ဆင်းပွဲကို  ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၁၉ ခုနှစ် ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆုချီးမြှင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ   ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၁၉ ခုနှစ် ဦးတင်မောင်တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြားပြီး ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆုရရှိကြသည့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုချီးမြှင့်ပေးခဲ့သည်။

မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာ အ−ထ−က(ခွဲ)၊ ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

မလှိုင် ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာအုပ်စု၊  ဖျောက်ဆိပ်ကုန်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျောင်းအဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်းနှင့် ချယ်ရီ ကျောင်းဆောင် သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ  (၂) နာရီခွဲက အဆိုပါကျောင်း ဆောင်သစ် ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။

ပန်းဈေးအသစ် တည်ဆောက်မှုပြီးစီး၍ လာမည့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်

မန္တလေး ဇန်နဝါရီ ၁၁

ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆ မှုများကင်းဝေးစေရန် မန္တလေး-ပြင်ဦးလွင် ကားလမ်းနှင့် တန်ဖိုးမျှတအိမ်ရာ အဝင်လမ်းဘေး သန့်စင်ကုန်း ကျေးရွာအနီးတွင် ပန်းဈေးအသစ်အား ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှုပြီးစီး၍ လာမည့်ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဌာနဆိုင်ရာများသို့ Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေး

ရန်ကင်း ဇန်နဝါရီ ၁၁          

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်း များသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့် တိုက် Mobile Library စနစ်ဖြင့် စာအုပ်များအခမဲ့ ငှားရမ်း ပေးခြင်းကို ယမန်နေ့ နံနက်၁၀နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် (ရေသန့်ဌာန) သို့ သွားရောက်ပြီး စာအုပ်များအခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၌ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် ရွေ့လျားယာဉ်ငယ်ဖြင့် အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့)ပေးဝေ

စစ်ကိုင်း ဇန်နဝါရီ ၁၁

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ အမှတ်(၁၀၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး စစ်ကိုင်းမြို့မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ပေးဝေခဲ့ကြသည်။

ကိုရီးယားနိုင်ငံ Dan Kook University မှ​ ကျောပိုးအိတ်များနှင့် စတီးချိုင့်များအား မြောက်ဥက္ကလာပ မြို့နယ် အ.မ.က(၅) ကျောင်းသား၊ ကျောင်းသူများထံသို့​ လှူဒါန်း

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၁

ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦးတို့သည် ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၅) ကျောင်းသို့ တတိယအကြိမ် ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ ကြိုဆိုနှုတ်ဆက် ခဲ့ကြသည်။

Subscribe to