ဗိုလ်တထောင်မြို့နယ်တွင် Quarantine center ဖွင့်လှစ်ထားသည့် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်း၌ အလှူရှင်များက Wi-Fi တပ်ဆင်ပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်း အမှတ် (၆) Quarantine center တွင် ယမန်နေ့ နေ့လယ်(၂:၃၀)က Wi-Fi တပ်ဆင် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

ဒုတိယအကြိမ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထောက်ပံ့ ငွေပေးအပ်

ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့်မျိုးစေသန့်စင်စရိတ် များအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CREP)အရ နိုင်ငံတော်ကပေးအပ်သော ထောက်ပံ့ ငွေပေးအပ်ပွဲကိုယနေ့ နံနက်၉နာရီကမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပ သည်။

မယ်စဲ့မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး အသိပညာပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေးနှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်၌ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူမှုဖွံ့ ဖြိုးတိုးတက်ရေးအသင်း (CDA)၊ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သော HARP-F / UK aid အဖွဲ့တို့မှ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေး ပစ္စည်းများကို ယနေ့ နံနက်က မြန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ရပ်ဝေးမှခရီးသွားများ၊ ကုန်တင်ကားများ စစ်ဆေးခြင်းကို စစ်ဆေးရေးဂိတ်များတိုးမြှင့်ဆောင်ရွက်

ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ အခြားဒေသများမှ လာရောက်သည့် ခရီးသွားဧည့်သည်များ၊ ကုန်တင်ကားကြီးများအား ယမန်နေ့က မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး(စာရေးဝန်ထမ်း)များအား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း)များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့် အနေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။

ဖားဆောင်းမြို့နှင့်​ မော်ချီး​ဒေသရှိ ​ကျေးရွာများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်နှင့်​​ မော်ချီး​ဒေသရှိ ​ကျေးရွာ​နေ ပြည်သူလူထုများအား လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ် EM(Exercise is Medicine) ကို စိတ်ဝင်စားလာစေရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါဘယများ ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစား အစီအစဉ်ဖြင့် အားကစားပစ္စည်းများကို မြို့နယ်တွင်းရှိ​ ကျေးရွာပြည်သူလူထု အဖွဲ့အစည်းများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေကာ အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းတံတားထိပ်နှင့် မြို့မစျေးရှေ့တွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to