ရွှေကျင် စက်တင်ဘာ ၂၂
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ် ထိန်းချူပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ရွှေကျင်မြို့နယ် စည်ပင်သာယာ မြို့မစျေးအား စက်တင်ဘာ ၂၂ရက်နေ့ နံနက် ၆နာရီက မြို့နယ်ဘောလုံး အားကစားကွင်းသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းသိရသည်။
အဆိုပါယာယီဖွင့်လှစ်ပေးသောနေရာသစ်တွင် ဝင်ပေါက်(၂)ပေါက်ထားရှိပြီး ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် ဈေးအတွင်းမဝင်ရောက်မီ လက်ဆေးရန် ဘေစင်များ ထားရှိ ပေးထားပြီး စျေးသည်များနှင့် စျေးဝယ်သူအားလုံး နှာခေါင်းစည်းတပ်ဆင်ပြီး ဝယ်ယူ ရောင်းချရမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းတစ်ခန်းလျှင် ဆယ်ပေပတ်လည် အခန်းပေါင်း (၅၀၀)ကျော် စီမံဆောင်ရွက်ပေးထားကြောင်း ယာယီစျေးအတွင်း သားစိမ်း ငါးစိမ်း ဟင်းသီး ဟင်းရွက်နှင့် ကုန်ခြောက် စသည်တို့ ရောင်းချသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံမှသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)